website

Website တစ်ခု ရှိဖို့သင့်သလား

လူကြီးမင်းအနေနဲ့ လုပ်ငန်းကြီး တစ်ခုအတွက်ပဲ ဖြစ်ဖြစ်၊ လုပ်ငန်း အငယ်တစ်ခုအတွက်ပဲ ဖြစ်ဖြစ် မေးခွန်းတစ်ခုက ခေါင်းထဲမှာ ရောက်လာမှာပါပဲ၊ အဲဒါကတော့ လူကြီးမင်းအနေနဲ့ လုပ်ငန်းအတွက် Website တစ်ခု ရှိဖို့သင့်သလား ဆိုတာပါပဲ။ တကယ်လို့ လိုအပ်တယ်ဆုုိရင်လဲ ဘာကြောင့်လိုအပ်ရတာလဲ ဆိုတဲ့ ထပ်ဆင့် မေးခွန်းတစ်ခု ပေါ်လာဦးမှာပါပဲ။ ဘာကြောင့် လိုအပ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မသွားခင် လုပ်ငန်းသစ် တစ်ခုအတွက် Website သစ်တစ်ခု ဘာလို့ လိုအပ်လဲ ဆိုတဲ့ အဖြေ အကျဉ်းချုပ်ကတော့ ဒီလိုပါ – ကျွန်မတိုု့ဟာ အင်တာနက် ကမ္ဘာကြီးမှာ နေထိုင်ကြပါတယ်။ ကိုယ့်လုပ်ငန်းကိုချဲ့ထွင်ဖို့ ကြီးမားဖို့ စိတ်မဝင်စားတဲ့ သူတွေက လွဲရင် Website တစ်ခုက မရှိမဖြစ်လိုပါတယ်။ လူတွေက လုပ်ငန်းတစ်ခုနဲ့ မဆက်သွယ်ခင်၊ အဲဒီလုပ်ငန်းက ရောင်းတဲ့ ပစ္စည်းကို မဝယ်ခင် မှာ သူတို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရဲ့ Website (သို့) Online ကို အရင်ကြည့်ကြပါတယ်။ အဲဒီတော့ Website ဆိုတာဟာ စျေးရောင်းဖို့ သက်သက်မဟုတ်ဘဲ လုပ်ငန်းရဲ့ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းကို စိတ်ဝင်စားတဲ့ စားသုံးသူတွေကို ဂရုစိုက်မှု ဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေး လုပ်ငန်းအတွက် Website ဆိုတာက မရှိမဖြစ် လိုအပ်ပြီပေါ့။ ဘာကြောင့် မရှိမဖြစ် လိုအပ်ရတာလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ အောက်မှာ ဆက်ပြီး ဖတ်ပေးပါ။ ၁။ ခေတ်မှီ စားသုံးသူတွေက Website ရှိဖို့ မျှော်လင့်ထားကြပါတယ် လူကြီးမင်း ဟာ ၂၀၂၀ မှာ နေထိုင်နေတာဖြစ်ပြီး ဒီခေတ်ဟာ အင်တာနက် ခေတ်ကြီးပါ။ အဲဒီတော့ လူတွေက လူကြီးမင်း လုပ်ငန်းကို တိုက်ရိုက် မဆက်သွယ်ခင်မှာ သူတို့ဟာ အင်တာနက်ပေါ် တက်ပြီး လူကြီးမင်းရဲ့ လုပ်ငန်းအကြောင်းကို အရင် ဖတ်ချင်ကြတယ် လေ့လာချင်ကြပါတယ်။ အချက်အလက်အနေနဲ့ ပြောရရင် ၁၀ ယောက်မှာ ၆ ယောက်လောက်က လူကြီးမင်း လုပ်ငန်းမှာ Website ရှိနေမယ်လို့ မျှော်လင့်ကြပါတယ်။ လူကြီးမင်း မှာ Website မရှိဘူးဆိုရင် တခြား Website ရှိတဲ့ လုပ်ငန်းဆီ လှည့်သွားဖို့ များပါတယ်။ ၂။ လူကြီးမင်း လုပ်ငန်းအတွက် ယုံကြည်မှု ရရှိစေပါတယ် အင်တာနက် တိုးတက်လာနေတာနဲ့ အမျှ လူတွေက အင်တာနက်ပေါ်ကနေပဲ သူတို့ လိုချင်တာတွေကို ရှာကြပါတယ်။ လူကြီးမင်း မှာ Website မရှိဘူးဆိုရင် လူကြီးမင်း ဆီလာမယ့် စားသုံးသူတွေဟာ Website ရှိနေတဲ့ လုပ်ငန်းတွေဆီကို ကူးပြောင်းသွားပါလိမ့်မယ်။ အထူးသဖြင့် လူကြီးမင်းရဲ့ လုပ်ငန်းဟာ လုပ်ငန်းကြီးမဟုတ်ခဲ့ရင် website ပိုပြီး လိုအပ်ပါတယ်။ Website ရှိခြင်းအားဖြင့် လူကြီးမင်းဟာ လုပ်ငန်း လုပ်ကိုင်နေတယ်။ သေသေချာချာ အလုပ်လုပ်နေတယ်။ တည်ငြိမ်တဲ့ လုပ်ငန်းဖြစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ၃။ Website ဝယ်ယူခြင်းဟာ ကုန်ကျစရိတ်နဲ့ ရလာတဲ့ အကျိုးမျှတဲ့ ကိစ္စပါ လုပ်ငန်းသစ်တစ်ခု စတင်ပြီးဆိုရင် သူတို့ဟာ သိန်းဆယ်ဂဏန်းနဲ့ ချီပြီး ကြော်ငြာစာရွက်တွေ လုပ်ပါတယ်။ လုပ်ငန်းကြော်ငြာတစ်ခုထဲ အတွက်ကို သိန်းဆယ်ဂဏန်း သုံးမယ့် အစား Website တစ်ခု ရှိနေခြင်းဟာ လူကြီးမင်း အလုပ်အတွက် ရေရှည်မှာ အကျိုး ကျေးဇူး ပိုရှိစေပါတယ်။ လူကြီးမင်း အနေနဲ့ ပေါင်းသင်းဆက်ဆံ ရေးကနေပြီး တနည်း ပုဂ္ဂိုလ်ရေး ဆက်ဆံမှုကနေပြီး လုပ်ငန်း ရှာမယ်ဆိုရင် လူကြီးမင်းမှာ Website တစ်ခု ရှိနေဖို့ လူကြီးမင်းနဲ့ ပါတ်သက်တဲ့ လူတွေက မျှော်လင့်ထားကြမှာပါ။ ၄။ လူကြီးမင်းရဲ့ ဖောက်သည်တွေကို လုပ်ငန်းနဲ့ ပါတ်သက်တဲ့နောက်ဆုံးအချက်အလက်တွေ ရစေပါတယ် လူကြီးမင်းရဲ့ Website ကို အင်တာနက်ပေါ်က လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကြော်ငြာစာရွက် လို့ သဘောထားလို့ရပါတယ်။ ကုန်ပစ္စည်းသစ်တွေ တင်တာပဲဖြစ်ဖြစ် နှစ်စဉ်လုပ်တဲ့ အရောင်းမြှင့်တင်ခြင်းဖြစ်ဖြစ် လုပ်တဲ့အခါမှာ Website ပေါ်မှာ အလွယ်တကူ ပြင်လိုက်လို့ ထပ်ထည့်လို့ရပါတယ်။ လူကြီးမင်းရဲ့ ဖောက်သည်တွေကိုလဲ Website ကို သွားကြည့်စေခြင်းအားဖြင့် လူကြီးမင်း သိစေချင်တဲ့ အချက်အလက် အသစ်တွေကို သိစေပါတယ်။ ၅။ ၂၄ နာရီ ဆက်သွယ်လို့ရခြင်း ယခုလို အင်တာနက် ခေတ်ကြီးမှာ စားသုံးသူတွေအတွက် ၂၄ နာရီ ၇ ရက် ဆက်သွယ်လို့ရမယ့် နေရာ လိုအပ်ပါတယ်။ လူကြီးမင်း အနေနဲ့ ၂၄ နာရီ ၇ ရက် ဝန်ဆောင်မှု ပေးနိုင်မှာ မဟုတ်တာကတော့ သေချာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Website က ကူညီနိုင်ပါတယ်။ Website က ၂၄ နာရီ ၇ ရက် ဝန်ဆောင်မှု ပေးနေပါလိမ့်မယ်။ Website ကို အသုံးချခြင်းအားဖြင့် ၂၄ နာရီ ၇ ရက် တစ်ကမ္ဘာလုံးအတွက် ဝန်ဆောင်မှု ပေးနိုင်ပါတယ်။ ၆။ လူကြီးမင်း လုပ်ငန်းအတွက် Showcase အဖြစ်အသုံးဝင်ပါတယ် လူကြီးမင်း ဘယ်လို လုပ်ငန်းမျိုး လုပ်ကိုင်နေသည် ဖြစ်ပါစေ Website ဆိုတာက လူကြီးမင်း လုပ်ထားတဲ့ လုပ်ငန်းတွေကို စုစည်းတင်ပြထားဖို့အတွက် အလွန်ကို သင့်တော်ပါတယ်။ လူကြီးမင်းရဲ့ လုပ်ငန်း ကျွမ်းကျင်မှု တွေကို သက်သေပြထားလို့ ရပါတယ်။ လူကြီးမင်းအနေနဲ့ လုပ်ငန်းအတွက် ဝဘ်ဆိုဒ် တစ်ခု ရယူလိုပါက၊ အသေးစိတ်ထပ်မံသိရှိလိုသည်များရှိပါက Punnami Messenger မှ တဆင့် မေးမြန်းနိုင်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီလိပ်စာ – အမှတ် (၂၆၆၊ ပထမထပ်)၊ ကောလိယလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန် သို့လည်းကောင်း 09404070267 သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ Let’s connect the world by PUNNAMI!

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *