what-is-internet-marketing_-your-guide-to-todays-online-marketing-60bfa40e217e7

Internet Marketing

Internet Marketing ဆိုတာ
အင်တာနက်က ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် ပြောင်းလဲနေပါတယ်။ အင်တာနက် က လူသား အချင်းချင်းကြားမှာ ရှိနေတဲ့ သတင်းဆက်သွယ်ရေးပုံစံတွေကို သိသိသာသာ ပြောင်းလဲပစ်နေတယ်ဆိုတဲ့ အချက်ဟာ Marketing (စျေးကွက်ရှာဖွေသူတွေအပေါ်) ကြီးမားတဲ့ သက်ရောက်မှုတစ်ခုပါ။ လက်ရှိအချိန်မှာ အရင်သွားနေတဲ့ Traditional or Outbound Marketing ပုံစံတွေအစား အင်တာနက်ကိုအသုံးချပြီး စျေးကွက်ချဲ့ထွင်ကြဖို့ အလေးထားပြီး ပြုလုပ်လာကြပါပြီ။ အင်တာနက် မားကတ်တင်း ဆိုတာဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား၊ တစ်နေရာနဲ့ တစ်နေရာ အကြား၊ Click တစ်ချက်နှိပ်ရုံနဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ ဆက်သွယ်ပေးနိုင်တဲ့ ကမ္ဘာ့ကြားခံနယ်တစ်ခု(အင်တာနက်) အတွင်း ရောင်းသူ နဲ့ ဝယ်ယူ တွေ့ဆုံနိုင်အောင် ပြုလုပ်ပေးခြင်းပါ။
Direct Marketing Channel တွေဖြစ်ကြတဲ့ ၀ယ်သူနဲ့ တွေ့ဆုံ၍ ရောင်းချခြင်း၊ စာပို့ခြင်း၊ ကတ်တလောက် ရိုက်နှိပ်ခြင်း၊ ဖုန်းနဲ့စျေးကွက်ရှာခြင်း၊ တီဗွီပေါ်မှာ ကြေငြာခြင်း အစရှိတဲ့ Marketing Chanel တွေထက် အင်တာနက်ဟာ အလျင်မြန်ဆုံးနဲ့ လူကြိုက်အများဆုံး ကုန်ကျစရိတ် အသက်သာဆုံး Marketing Channel အသစ်တစ်ခု ဖြစ်လာပါတယ်။
အင်တာနက် မားကတ်တင်းရဲ့ Channel များစွာထဲက အသုံးပြုမှုများနေတဲ့ Channel တွေကတော့ လူမှုရေးကွန်ယက်ကိုအသုံးပြုခြင်း (Social Media)၊ အသုံးဝင်သော အချက်အလက်များ ရေးသားခြင်း (Content Writing)၊ Goolgle မှ ရှာဖွေရာတွင် အမြန်ဆုံးတွေ့ရှိစေရန် ပြုလုပ်ထားခြင်း၊ မိမိတို့၏ လုပ်ငန်းများ၊ ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းများကို အင်တာနက်မှ တဆင့် ဗွီဒီယိုများ အသုံးပြု၍ ရှင်းပြခြင်း (Explainer Video)၊ အီးမေးလ် ပေးပို့၍ ကြော်ငြာ ခြင်းတို့ ဖြစ်ပါတယ်။
Social Media နဲ့ Facebook ကိုအသုံးပြု၍ စျေးကွက်ချဲ့ထွင်ခြင်း
ကျွန်တော်တို့ ဖေ့စ်ဘွတ်ကို အသုံးပြုတဲ့အခါမှာ တချို့ ကြေငြာတွေကို ကျွန်တော်တို့ သူငယ်ချင်းတွေ Like လုပ်ထားတာ မြင်မိ ပါလိမ့်မယ်။ ဒီလိုမြင်မိတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ အဲဒီကြော်ငြာကို ပုံမှန်ထက် ပိုပြီိး စိတ်၀င်တစားနဲ့ ကြည့်မိတတ်ကြပါတယ်။ “သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့“ ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ သုတေသနပြုချက်တွေအရ ကိုယ့်အကောင့်ထဲက သူငယ်ချင်းတစ်ယောက် Like လုပ်ထားတဲ့ Brand တစ်ခုကို ကျန်တဲ့ တစ်ခြားသူငယ်ချင်းတွေ သဘောကျနိုင်တဲ့ ရာခိုင်နှုန်းက တစ်ခြား အစိမ်းသက်သက်တစ်ခုနဲ့ ယှဉ်ရင် ငါးဆလောက် ပိုတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် လည်း သူငယ်ချင်းတစ်ယောက် သဘောကျထားတဲ့ ပစ္စည်းတစ်ခုကို စိတ်၀င်တစားနဲ့ ကြည့်မိပြီး ကိုယ်တိုင်လည်း သဘောကျတတ်ပါတယ်။ ဒီလို သဘောကျသွားတဲ့အခါမှာလဲ Like၊ Share၊ Comment တစ်ခုခု လုပ်လေ့ရှိပါတယ်။ မိတ်ဆွေ သူငယ်ချင်း ဆိုတာဟာ တူညီချက် တစ်ခုခု ရှိသူများ စုစည်းမှု ဖြစ်တဲ့ အတွက် တစ်နည်းအားဖြင့် စိတ်တူကိုယ်တူတွေ များကြပါတယ်။ ဒါဟာ ပစ္စည်းတစ်ခုပဲဖြစ်ဖြစ်၊ Brand တစ်ခုကို ကြေငြာချင်တာပဲ ဖြစ်ဖြစ် အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။
ဒီအချက်ဟာ လုပ်ငန်းရှင် တစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ Marketer တစ်ဦးအတွက် ပဲဖြစ်ဖြစ် တကယ် စိတ်၀င်စားဖို့ကောင်းပြီး အလေးအနက်စဉ်းစားရမယ့် အချက်လို့ဆိုပါတယ်။ ကိုယ့် Marketing Campaign ကြီးကို လက်ရှိ Marketing Channel တွေမှာမရရှိနိုင်တဲ့ များစွာသော အတိုင်းအတာအထိ ဆွဲဆန့်ပေးနိုင် ပါတယ်။ လူအယောက်တစ်သန်းကို ကြေငြာရင်၊ ကိုကြော်ငြာလိုက်တဲ့ လူအယောက် တစ်သန်းက တစ်ဆင့် လူအယောက် ရှစ်သန်း၊ ဆယ်သန်း အထိလဲ ရောက်ရှိသွားစေနိုင်ပါတယ်။ ရောက်သွားတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ့်ကြေငြာကို အမှန်တကယ်စိတ်၀င်စားတဲ့ သူတွေဆီကို အများဆုံးရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဖေ့စ်ဘွတ်လို Social Media တွေပေါ်မှာ ကြေငြာတဲ့ အခါ ကိုယ်လိုချင်တဲ့ Target Market ကိုရွေးချယ် ကြေငြာလို့ရပါတယ်။ အသက်အပိုင်းအခြား၊ ယောက်ျား၊ မိန်းမ၊ စိတ်၀င်စားမှု၊ အလုပ်အကိုင်၊ နေရာဒေသ အစရှိသဖြင့် ရွေးချယ်လို့ရပါတယ်။
ကျွန်တော်တို့ တီဗွီတို့၊ Billboard တို့လို နေရာမျိုးတွေမှာ ကြေငြာတဲ့အခါ ကိုယ့်ကြေငြာကို တကယ်စိတ်၀င်စားတဲ့သူတွေရော၊ စိတ်မ၀င်စားတဲ့သူတွေဆီကိုပါ ရောက်သွားပါတယ်။ ပြီးတော့ အဲဒီမှာ ကြော်ငြာဖို့ဆို ရင် သုံးရမယ့် ငွေပမာဏက အရမ်းပဲ များပါတယ်။ ဒီတော့ စိတ်မ၀င်စားတဲ့ သူတွေအတွက်ပါ ကျွန်တော်တို့ Advertising Budget ကို အကျိုးမရှိသုံးလိုက်ရသလို ဖြစ်နေမှာပါ။ ဒါတွေကို ကျော်လွှားနိုင်ခြင်း ကတော့ ဖေ့စ်ဘွတ်လို အွန်လိုင်း မီဒီယာတွေရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အလေးထားစဥ်းစားသင့်တဲ့ အချက်တစ်ခုရှိပါသေးတယ်။ Social Media တွေများစွာထဲက ကိုယ့် လုပ်ငန်းသုံးနိုင်တဲ့ ငွေပမာဏနဲ့ အခြေအနေအရ ဘယ် Social Media ကို ရွေးချယ်တာဟာ အကောင်းဆုံးဖြစ် မလဲ ဆိုတဲ့ အချက်ပါ။ ရွေးချယ်တဲ့နေရာမှာ စဉ်းစားရတွေက ကိုယ်သွားချင်တဲ့ စျေးကွက်က ဘယ်နေရာမှာ Active အဖြစ်ဆုံးလဲ၊ တစ်ခြားလူတွေကရော ဘာတွေသုံးပြီး အောင်မြင်နေလဲဆိုတာပါပဲ။ စစ်တမ်းအရ ဖေ့စ်ဘွတ်အသုံးပြုသူ ၉၄%၊ တွစ်တာအသုံးပြုသူ ၈၃% နဲ့ Linkedin အသုံးပြုသူ ၇၁% ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ Facebook ကို အသုံးပြုသူ အရေးအတွက်ဟာ တခြား Social Media ကို အသုံးပြုသူ အရေအတွက်ထက် အများကြီး ပိုများပါတယ်။
(ဒါ့အပြင် သင့်မှာ ၀က်ဆိုဒ်ရှိနေမယ် ဆိုရင် Facebook၊ Twitter နဲ့ Google plus တို့လို Social Media တွေကို ချိတ်ဆက်ထားခြင်းအားဖြင့် Facebook ပေါ်မှာ Like Comment နဲ့ Shareလုပ်တာ၊ Twitter မှာ Tweet လုပ်တာတို့ ကြိမ်ရေများလာတာနဲ့အမျှ သင့်၀က်ဆိုဒ်ရဲ့ ကြည့်သူကြိမ်နှုန်း တိုးလာပြီး Google က သင့်၀က်ဆိုဒ်ကို မှတ်မိလာစေပါတယ်။ ဒါကြောင့် Google ရဲ့ ပထမဆုံး စာမျက်နှာမှာ ပေါ်နိုင်တဲ့ ရာခိုင်နှုန်းလည်း တိုးလာစေပါတယ်။)
website

Website တစ်ခု ရှိဖို့သင့်သလား

လူကြီးမင်းအနေနဲ့ လုပ်ငန်းကြီး တစ်ခုအတွက်ပဲ ဖြစ်ဖြစ်၊ လုပ်ငန်း အငယ်တစ်ခုအတွက်ပဲ ဖြစ်ဖြစ် မေးခွန်းတစ်ခုက ခေါင်းထဲမှာ ရောက်လာမှာပါပဲ၊ အဲဒါကတော့ လူကြီးမင်းအနေနဲ့ လုပ်ငန်းအတွက် Website တစ်ခု ရှိဖို့သင့်သလား ဆိုတာပါပဲ။ တကယ်လို့ လိုအပ်တယ်ဆုုိရင်လဲ ဘာကြောင့်လိုအပ်ရတာလဲ ဆိုတဲ့ ထပ်ဆင့် မေးခွန်းတစ်ခု ပေါ်လာဦးမှာပါပဲ။ ဘာကြောင့် လိုအပ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မသွားခင် လုပ်ငန်းသစ် တစ်ခုအတွက် Website သစ်တစ်ခု ဘာလို့ လိုအပ်လဲ ဆိုတဲ့ အဖြေ အကျဉ်းချုပ်ကတော့ ဒီလိုပါ – ကျွန်မတိုု့ဟာ အင်တာနက် ကမ္ဘာကြီးမှာ နေထိုင်ကြပါတယ်။ ကိုယ့်လုပ်ငန်းကိုချဲ့ထွင်ဖို့ ကြီးမားဖို့ စိတ်မဝင်စားတဲ့ သူတွေက လွဲရင် Website တစ်ခုက မရှိမဖြစ်လိုပါတယ်။ လူတွေက လုပ်ငန်းတစ်ခုနဲ့ မဆက်သွယ်ခင်၊ အဲဒီလုပ်ငန်းက ရောင်းတဲ့ ပစ္စည်းကို မဝယ်ခင် မှာ သူတို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရဲ့ Website (သို့) Online ကို အရင်ကြည့်ကြပါတယ်။ အဲဒီတော့ Website ဆိုတာဟာ စျေးရောင်းဖို့ သက်သက်မဟုတ်ဘဲ လုပ်ငန်းရဲ့ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းကို စိတ်ဝင်စားတဲ့ စားသုံးသူတွေကို ဂရုစိုက်မှု ဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေး လုပ်ငန်းအတွက် Website ဆိုတာက မရှိမဖြစ် လိုအပ်ပြီပေါ့။ ဘာကြောင့် မရှိမဖြစ် လိုအပ်ရတာလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ အောက်မှာ ဆက်ပြီး ဖတ်ပေးပါ။ ၁။ ခေတ်မှီ စားသုံးသူတွေက Website ရှိဖို့ မျှော်လင့်ထားကြပါတယ် လူကြီးမင်း ဟာ ၂၀၂၀ မှာ နေထိုင်နေတာဖြစ်ပြီး ဒီခေတ်ဟာ အင်တာနက် ခေတ်ကြီးပါ။ အဲဒီတော့ လူတွေက လူကြီးမင်း လုပ်ငန်းကို တိုက်ရိုက် မဆက်သွယ်ခင်မှာ သူတို့ဟာ အင်တာနက်ပေါ် တက်ပြီး လူကြီးမင်းရဲ့ လုပ်ငန်းအကြောင်းကို အရင် ဖတ်ချင်ကြတယ် လေ့လာချင်ကြပါတယ်။ အချက်အလက်အနေနဲ့ ပြောရရင် ၁၀ ယောက်မှာ ၆ ယောက်လောက်က လူကြီးမင်း လုပ်ငန်းမှာ Website ရှိနေမယ်လို့ မျှော်လင့်ကြပါတယ်။ လူကြီးမင်း မှာ Website မရှိဘူးဆိုရင် တခြား Website ရှိတဲ့ လုပ်ငန်းဆီ လှည့်သွားဖို့ များပါတယ်။ ၂။ လူကြီးမင်း လုပ်ငန်းအတွက် ယုံကြည်မှု ရရှိစေပါတယ် အင်တာနက် တိုးတက်လာနေတာနဲ့ အမျှ လူတွေက အင်တာနက်ပေါ်ကနေပဲ သူတို့ လိုချင်တာတွေကို ရှာကြပါတယ်။ လူကြီးမင်း မှာ Website မရှိဘူးဆိုရင် လူကြီးမင်း ဆီလာမယ့် စားသုံးသူတွေဟာ Website ရှိနေတဲ့ လုပ်ငန်းတွေဆီကို ကူးပြောင်းသွားပါလိမ့်မယ်။ အထူးသဖြင့် လူကြီးမင်းရဲ့ လုပ်ငန်းဟာ လုပ်ငန်းကြီးမဟုတ်ခဲ့ရင် website ပိုပြီး လိုအပ်ပါတယ်။ Website ရှိခြင်းအားဖြင့် လူကြီးမင်းဟာ လုပ်ငန်း လုပ်ကိုင်နေတယ်။ သေသေချာချာ အလုပ်လုပ်နေတယ်။ တည်ငြိမ်တဲ့ လုပ်ငန်းဖြစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ၃။ Website ဝယ်ယူခြင်းဟာ ကုန်ကျစရိတ်နဲ့ ရလာတဲ့ အကျိုးမျှတဲ့ ကိစ္စပါ လုပ်ငန်းသစ်တစ်ခု စတင်ပြီးဆိုရင် သူတို့ဟာ သိန်းဆယ်ဂဏန်းနဲ့ ချီပြီး ကြော်ငြာစာရွက်တွေ လုပ်ပါတယ်။ လုပ်ငန်းကြော်ငြာတစ်ခုထဲ အတွက်ကို သိန်းဆယ်ဂဏန်း သုံးမယ့် အစား Website တစ်ခု ရှိနေခြင်းဟာ လူကြီးမင်း အလုပ်အတွက် ရေရှည်မှာ အကျိုး ကျေးဇူး ပိုရှိစေပါတယ်။ လူကြီးမင်း အနေနဲ့ ပေါင်းသင်းဆက်ဆံ ရေးကနေပြီး တနည်း ပုဂ္ဂိုလ်ရေး ဆက်ဆံမှုကနေပြီး လုပ်ငန်း ရှာမယ်ဆိုရင် လူကြီးမင်းမှာ Website တစ်ခု ရှိနေဖို့ လူကြီးမင်းနဲ့ ပါတ်သက်တဲ့ လူတွေက မျှော်လင့်ထားကြမှာပါ။ ၄။ လူကြီးမင်းရဲ့ ဖောက်သည်တွေကို လုပ်ငန်းနဲ့ ပါတ်သက်တဲ့နောက်ဆုံးအချက်အလက်တွေ ရစေပါတယ် လူကြီးမင်းရဲ့ Website ကို အင်တာနက်ပေါ်က လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကြော်ငြာစာရွက် လို့ သဘောထားလို့ရပါတယ်။ ကုန်ပစ္စည်းသစ်တွေ တင်တာပဲဖြစ်ဖြစ် နှစ်စဉ်လုပ်တဲ့ အရောင်းမြှင့်တင်ခြင်းဖြစ်ဖြစ် လုပ်တဲ့အခါမှာ Website ပေါ်မှာ အလွယ်တကူ ပြင်လိုက်လို့ ထပ်ထည့်လို့ရပါတယ်။ လူကြီးမင်းရဲ့ ဖောက်သည်တွေကိုလဲ Website ကို သွားကြည့်စေခြင်းအားဖြင့် လူကြီးမင်း သိစေချင်တဲ့ အချက်အလက် အသစ်တွေကို သိစေပါတယ်။ ၅။ ၂၄ နာရီ ဆက်သွယ်လို့ရခြင်း ယခုလို အင်တာနက် ခေတ်ကြီးမှာ စားသုံးသူတွေအတွက် ၂၄ နာရီ ၇ ရက် ဆက်သွယ်လို့ရမယ့် နေရာ လိုအပ်ပါတယ်။ လူကြီးမင်း အနေနဲ့ ၂၄ နာရီ ၇ ရက် ဝန်ဆောင်မှု ပေးနိုင်မှာ မဟုတ်တာကတော့ သေချာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Website က ကူညီနိုင်ပါတယ်။ Website က ၂၄ နာရီ ၇ ရက် ဝန်ဆောင်မှု ပေးနေပါလိမ့်မယ်။ Website ကို အသုံးချခြင်းအားဖြင့် ၂၄ နာရီ ၇ ရက် တစ်ကမ္ဘာလုံးအတွက် ဝန်ဆောင်မှု ပေးနိုင်ပါတယ်။ ၆။ လူကြီးမင်း လုပ်ငန်းအတွက် Showcase အဖြစ်အသုံးဝင်ပါတယ် လူကြီးမင်း ဘယ်လို လုပ်ငန်းမျိုး လုပ်ကိုင်နေသည် ဖြစ်ပါစေ Website ဆိုတာက လူကြီးမင်း လုပ်ထားတဲ့ လုပ်ငန်းတွေကို စုစည်းတင်ပြထားဖို့အတွက် အလွန်ကို သင့်တော်ပါတယ်။ လူကြီးမင်းရဲ့ လုပ်ငန်း ကျွမ်းကျင်မှု တွေကို သက်သေပြထားလို့ ရပါတယ်။ လူကြီးမင်းအနေနဲ့ လုပ်ငန်းအတွက် ဝဘ်ဆိုဒ် တစ်ခု ရယူလိုပါက၊ အသေးစိတ်ထပ်မံသိရှိလိုသည်များရှိပါက Punnami Messenger မှ တဆင့် မေးမြန်းနိုင်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီလိပ်စာ – အမှတ် (၂၆၆၊ ပထမထပ်)၊ ကောလိယလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန် သို့လည်းကောင်း 09404070267 သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ Let’s connect the world by PUNNAMI!

ecommerce

Ecommerce Website

မိတ်ဆွေဟာ ကိုယ့်လုပ်ငန်း အောင်မြင်ဖိုု့အတွက် အလွန်စိတ်အားထက်သန်နေပါတယ်။ မိတ်ဆွေရဲ့ အွန်လိုင်းစတိုးကို လွှင့်တင်လိုက်ပါတယ်။ ဒါမှမဟုတ် နဂိုရှိပြီးသား အွန်လိုင်းစတိုးကိုပဲ အကြီးစား ပြင်ဆင်မှု ပြုလုပ်လိုက်ပါတယ်။ ဒါပေမယ့် ပြသနာလေး တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဘယ်သူမှ မိတ်ဆွေရဲ့ ဝဘ်ဆိုဒ်ကို လာမကြည့်ကြတာပါပဲ။ မိတ်ဆွေရဲ့ အွန်လိုင်းစတိုးဟာ ၂၄ နာရီ၊ ၇ ရက် ဖွင့်ထားတယ်ဆိုတာနဲ့ အပြင်မှာ တကယ် ဆိုင်တစ်ဆိုင် ဖွင့်တာလောက် အလုပ်ရှုပ်မှာ မဟုတ်ဘူးလို့ မယူဆထားလိုက်ပါနဲ့။ အွန်လိုင်းစတိုးကို မားကက်တင်းလုပ်ရတယ် ဆိုတာဟာ အလွန်များပြားတဲ့ အချိန်နဲ့ စိတ်ရှည်မှု လိုအပ်ပါတယ်။ အွန်လိုင်းစတိုး အတွက် မားကက်တင်း လုပ်ရတာ အပြင်မှာ တကယ့်ဆိုင်ဖွင့်တာထက်တောင်မှ ပိုပြီး အပြိုင်အဆိုင်များနိုင်ပါတယ်။ အွန်လိုင်းစတိုး မားကက်တင်း နည်းလမ်းဟာ ပိုင်ဆိုင်သူရဲ့ ရည်ရွယ်ချက်၊ ပိုင်ဆိုင်တဲ့ ငွေကြေး နဲ့ လက်ထဲမှာရှိနေတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ၁။ မိတ်ဆွေရဲ့ ဆိုရှယ်မီဒီယာက အပျံစား ဖြစ်နေရပါ့မယ် မိတ်ဆွေထင်ချင်ထင်မယ် ဘာလို့ ဒီကိစ္စက နံပါတ်တစ်ဖြစ်နေရတာလဲလို့။ ဘာဖြစ်လို့လဲ ဆိုတော့ မိတ်ဆွေရဲ့ ဖောက်သည်တွေက မိတ်ဆွေရဲ့ လုပ်ငန်း စစ်မှန်ကြောင်း သေသေချာချာ စစ်ဆေးလေ့ရှိလို့ ပါပဲ။ အဲဒီတော့ မိတ်ဆွေရဲ့ ဆိုရှယ်မီဒီယာ ကအမြဲတမ်း နောက်ဆုံးသတင်း တင်ပြီးသား ဖြစ်နေစေရပါ့မယ်။ တကယ်လို့ မိတ်ဆွေရဲ့ လုပ်ငန်းဟာ တစ်ယောက်တည်းလုပ်နေတာ ဆိုရင် မိတ်ဆွေအနေနဲ့ မိတ်ဆွေရဲ့ Facebook, Twitter ဒါမှမဟုတ် Pinterest နဲ့ Instagram ကို အကောင်းဆုံး ဖြစ်အောင် လုပ်ထားရပါမယ်။ ၂။ အချိန်အတိုင်းအတာနဲ့ စျေးလျော့ပေးတာမျိုး လုပ်ပါ မိတ်ဆွေ အနေနဲ့ အထူးလျော့စျေးနဲ့ အထူးအခွင့်အရေး ဆိုတာမျိုးတွေကို Black Friday ဒါမှမဟုတ် အလုပ်နားရက်တွေမှာပဲ လုပ်မယ်ဆိုရင် မိတ်ဆွေအတွက် အခွင့်အရေးနည်းပါတယ်။ မိတ်ဆွေအနေနဲ့ ဒါမှမဟုတ် မိတ်ဆွေရဲ့ လုပ်ငန်းအနေနဲ့ စိတ်ကူးပေါက်လာချိန်တိုင်း ပရိုမိုးရှင်းကုဒ် နံပါတ်ပေးတာမျိုး အထူးလျော့စျေး ပေးတာမျိုး ဆိုရှယ်မီဒီယာက တဆင့်လုပ်ပါ။ သတိထားဖို့အချက်က အဲဒီလိုလုပ်ဖို့ ဆိုရင် ဆိုရှယ်မီဒီယာမှာ Follow လုပ်ထားတဲ့သူများမှ အဆင်ပြေမှာပါ။ ၃။ ဖောက်သည်တွေနဲ့ ထိတွေ့မှု ပြုလုပ်ပါ ဖောက်သည်တွေကို မိတ်ဆွေ ရောင်းချထားတဲ့ ကုန်ပစ္စည်းနဲ့ တွဲပြီးဓါတ်ပုံရိုက်ထားတာကို ပို့ခိုင်းတာမျိုး လုပ်ပါ။ သူတို့နဲ့ ဆိုရှယ်မီဒီယာ ပေါ်ကနေ တတ်နိုင်သလောက် ထိတွေ့ဖို့ ကြိုးစားပါ။ ဒါမှ သူတို့က မိတ်ဆွေဟာ သူတို့ကို ဖောက်သည်သက်သက် ဆိုတာထက်ကို လူသားချင်းအနေနဲ့ ပါ သတိထား ဆက်ဆံတယ်ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ပြီးတော့ သူတို့ကို မိတ်ဆွေ ရောင်းချထားတဲ့ ကုန်ပစ္စည်းနဲ့ ပါတ်သက်တဲ့ သဘောထားမှတ်ချက် (Review) ရေးခိုင်းပါ။ ၄။ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု မိတ်ဆွေရဲ့ ဖောက်သည်တွေကို မိတ်ဆွေဆီက ပစ္စည်းဝယ်ယူတဲ့အတွက် ကျေးဇူးတင် ကြောင်းပြောပါ။ မိတ်ဆွေအနေနဲ့ သူတို့ပို့ထားတဲ့ (Review) နဲ့ သူတို့ရဲ့ ဓါတ်ပုံတွေကို မိတ်ဆွေရဲ့ Website မှာ တင်ခြင်းအားဖြင့် မိတ်ဆွေရဲ့ လုပ်ငန်းဟာ ပွင့်လင်းမြင်သာမှု ရှိကြောင်း ပြသပြီး ဖြစ်သလို လူတွေ သဘောကျစရာ ဖြစ်စေပါလိမ့်မယ်။ Let’s connect the world by PUNNAMI! လူကြီးမင်းအနေနဲ့ လုပ်ငန်းအတွက် ဝဘ်ဆိုဒ် တစ်ခု ရယူလိုပါက၊ အသေးစိတ်ထပ်မံသိရှိလိုသည်များရှိပါက Punnami Messenger မှ တဆင့် မေးမြန်းနိုင်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီလိပ်စာ – အမှတ် (၂၆၆၊ ပထမထပ်)၊ ကောလိယလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန် သို့လည်းကောင်း 09404070267 သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

meeting

Meeting

ကျွန်တော် Meeting တွေကို မုန်းပါတယ်။ ကျွန်တော် ရှောင်နိုင်သလောက် မီတင်တွေကို ရှောင်ပါတယ်။ မီတင်တွေက ပျင်းစရာကောင်းသလို ကိုယ့်ရဲ့ အချိန်တွေကို အကြီးအကျယ် ဖြုန်းတီးတဲ့ နေရာ ဖြစ်တတ်ပါတယ်။ ဒီလို ထင်တာက ကျွန်တော် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ စီမံခန့်ခွဲရေး ပညာ ရှင်တစ်ယောက်ဖြစ်တဲ့ ပီတာ ဒတ်ကာ (Peter Drucker) ကလဲ အဲလိုပဲထင်ပါတယ်။ သူရဲ့ စာအုပ်ဖြစ်တဲ့ The Effective Executive မှာ ဒီလို ပြောထားပါတယ်။ “မီတင် ဆိုတာဟာ အဓိပ္ပါယ်အားဖြင့် ထိရောက်အောင် မလုပ်တဲ့အဖွဲ့အစည်းတွေရဲ့ အလုပ်ပါ။ လူတစ်ယောက်ဟာ တွေ့ဆုံချင်တွေ့ဆုံလို့ရတယ် ဒါမှမဟုတ် အလုပ်လုပ်လို့ရတယ်။ ဒါပေမယ့် နှစ်မျိုးစလုံး တစ်ပြိုင်တည်း လုပ်လို့မရပါဘူး” စီးပွားရေးနဲ့ ပါတ်သက်တဲ့ မီတင်တွေဟာ အခုချက်ခြင်းကို ပုံစံပြောင်းလဲ ဖို့လိုအပ်နေပါတယ်။ တကယ်လို့များ ခင်ဗျားဟာ မီတင်တွေ ခေါ်နေရတယ် ဆိုရင် အောက်မှာ ရှိတဲ့ အချက်တွေကို ချက်ခြင်းသာ အသုံးချလိုက်ပါ။ ၁။ မီတင် မှာ အောင်မြင်မှု (ဦးတည်ချက်) တစ်ခုကို မရည်ရွယ်ဘူး ဆိုရင် မီတင် မလုပ်ပါနဲ့ (No end goal = no meeting) မီတင်တိုင်းမှာ အတိုချုပ် နဲ့ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် တစ်ခု ကို စပြီ့း မစီစဉ်ခင် ရှိထားဖို့လိုသလို ပါဝင်မယ့် သူအားလုံးကလဲ မီတင်ကနေ နောက်ဆုံး ဘယ် ဦးတည်ချက်၊ ဘယ်ရလဒ်ကို သွားမယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။ ဦးတည်ချက် ဆိုတာဟာ လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေ ပါပါတယ်။ တွေ့ပြီိး စကားပြောရုံလေး ပြောတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ မီတင်တက်ရောက်တဲ့ သူတိုင်းက တူညီတဲ့ ဦးတည်ချက် တစ်ခုဆီကို ရောက်အောင်၊ လိုအပ်တဲ့ ရလဒ် တစ်ခုရလာအောင် အမြဲဦးတည် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ၂။ သတ်မှတ်ချင်တဲ့ မီတင်ကြာချိန်ကို တဝက်လျော့ချပါ။ မီတင်တစ်ခုလုပ်ဖို့အတွက် အချိန်ဘယ်လောက် လိုမလဲ ဆိုတာကို သတ်မှတ်ပြီးရင် အဲဒီ ကြာချိန်ကို ၂ နဲ့ စားလိုက်ပါ။ ကျွန်တော် တက်ဖူးတဲ့ တစ်နာရီ ကြာတဲ့ မီတင်တော်တော်များများက တကယ်တမ်း အလုပ်လုပ်မယ် ဆိုရင် မိနစ် ၃၀ အတွင်းမှာတင် ပြီးနိုင်ပါတယ်။ မီတင်တစ်ခုကို အချိန်မျှမျှတတ သတ်မှတ်လိုက်ရင် လူတိုင်းဟာ အလုပ် ပိုပြီးတွင်လာတာကို တွေ့ရပါလိမ့်မယ်။ (စကားရှည်ရှည် မပြောတော့တာတို့၊ မလိုလားအပ်တဲ့ စကားစမြည် ပြောတာတွေ မရှိတော့တာတို့၊ အစရှိသဖြင့်…) ၃။ ပါဝင်ဆွေးနွေးမယ့် လူအရေအတွက်ကို ကန့်သတ်ပါ။ မီတင် တစ်ခုကို လူများများတက်လေလေ၊ အချိန် ပိုပြီး ဖြုန်းလေပါပဲ၊ ပြီိးတော့ ဦးတည်ချက်ကို ထိန်းသိမ်းထားဖို့လဲ ပိုပြီိး ခက်ပါတယ်။ (ဆရာများ သားသေ ဆိုတဲ့စကားလိုပါပဲ) လူနှစ်ယောက်ထဲ တွေ့ပြီး စကားပြောလိုက်တာဟာ လူသုံးယောက် စကားပြောတာထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ အဲဒီအတွက် မီတင်မှာ ပါဝင်မယ့် သူတွေကို သေသေချာချာ ရွေးချယ်ပြီး ဖိတ်ကြားပါ။ ဂျက်ဖ်ဘီဇို (Jeff Bezos) ရဲ့ နာမည်ကျော်တဲ့ “ပီဇာ နှစ်ခု စည်းကမ်း” လိုပါပဲ။ ပီဇာနှစ်ခုနဲ့ ကျွေးလို့ မလောက်နိုင်မယ့် မီတင်မျိုး ဘယ်တော့ မှ မလုပ်ပါနဲ့။ ခင်ဗျားဟာ လုပ်ငန်းကြီိးတစ်ခုခုမှာ လုပ်နေတာဆိုရင် အဲဒီ စည်းကမ်းကို ရှေ့ဆက်ရမယ့် အောင်မြင်မှု ပေးမယ့် နည်းလမ်း အဖြစ် အသုံးပြုပါ။ ၄။ မီတင်နဲ့ မဆိုင်တာတွေ လုံးဝ မဆွေးနွေးခြင်း မီတင်မှာ တစ်ယောက်ယောက်ကတော့ ဦိးဆောင်ပြီး ဦးတည်ချက် မပျောက်အောင် တစ်ချိန်လုံး သတိထားနေရမှာပါ။ အဲဒီအတွက် မီတင် မစခင်ကတည်းက ဘယ်အကြောင်းအရာ ရလဒ်ကို ဦးတည်ပြီး လုပ်မယ် ဆိုတာကို သေချာ ဖို့ လိုတယ် ဆိုတာကတော့ ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဘယ်သူကမှ မီတင်ကို ရဲလို လိုက်ပြီိး ထိန်းသိမ်းနေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ယောက်ယောက်ကတော့ အဲဒီဦးတည်ချက် မပျောက်အောင် ထိန်းသိမ်းတဲ့ အလုပ်ကို လုပ်ရမှာပါ။ “ကျွန်တော် ပြောပါရစေ၊ ခင်ဗျားပြောတဲ့ကိစ္စဟာ အရေးကြီးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခုလုပ်တဲ့ မီတင်နဲ့ အဲဒီ အကြောင်းအရာနဲ့ ဘာမှမဆိုင်ပါဘူး” ဒီလိုစကားမျိုးကို တစ်ယောက်ယောက်က ပြောရမှာပါ။ မီတင်ဆိုတာ ဆက်ရှိနေဦးမှာပါ။ စိတ်ပျက်စရာ ကောင်းပေမယ့် လိုအပ်တဲ့ ကိစ္စအနေနဲ့ ရှိနေဦးမှာပါ။ ဒါပေမယ့် အခုအပေါ်မှာ ပြောခဲ့တဲ့ ရိုးရိုးရှင်းရှင်း နည်းလမ်း လေးခုကို ကျင့်သုံးလိုက်တာနဲ့ စိတ်ပျက်စရာ ကောင်းတဲ့ကိစ္စတွေကို တော်တော်လေး လျော့ချနိုင်မှာပါ။